Latest News
-
ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၆.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)အချိန်ထိ အ.ထ.က(အိန္ဒု)ကျောင်းတွင် ကျောင်းသား(၂၄၀)ဦး၊ ကျောင်းသူ (၂၆၀)ဦး ဆရာ(၂) ဦး၊ ဆရာမ (၁၃)ဦး၊ ကျောင်းသားမိဘ(၂၀)ဦး၊ စုစုပေါင်း (၅၃၅)ဦး တို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး လက်ကမ်းစာစောင် (၅၃၅) စောင်အားလည်းကောင်း၊ (၄x၅)ပေ မြေပြိုဘေးပိုစတာ (၁)ချပ်အားလည်းကောင်း ဖြန့်ဝေ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။ #ar … Read more
-
မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၀၂၆- ၂၀၂၇) ဘဏ္ဍာရေးနှစ် ၊ရက် (၁၀၀)ဧပြီလမှ ဇူလိုင်လအတွင်း အသိပညာပေးလုပ်ငန်းများအနေဖြင့် (၁၂-၆-၂၀၂၆)ရက်နေ့မှ (၁၄-၆- ၂၀၂၆)ရက်နေ့ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာအုပ်စု၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာ၀ဘေးလျော့ပါး ရေးစေတနာ့၀န်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းအား သင်တန်းသား/သူ (၃၀)ဦးဖြင့် ဖွင့်လှစ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ar #ayy_jun_2026 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး
-
လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၁-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်၌လှိုင်းဘွဲမြို့၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား(၁၂၀)ဦး၊ ကျောင်းသူ(၁၈၀)ဦး၊ စုစုပေါင်း (၃၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ကျောင်းသား၊ကျောင်းသူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးထံသို့မြေပြိုဘေးဗီနိုင်းပေးအပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #kyn_jun_2026 Source: လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံး
-
ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၂၆) ရက် နေ့၊ (၁၀း၀၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်ထိ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊အ.ထ.က(၁) စာသင်ကျောင်း၌ ဆရာမ(၇)ဦး၊ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၁၀)ဦးတို့အား ရက် (၁၀၀)စီမံချက်အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ မိုးကြိုးဘေး အသိ ပညာပေးဗီနိုင်းပိုစတာ(၁)ချပ် ပေးအပ်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #kyn_jun_2026 Source: ဘားအံခရိုင်ဦးစီးမှူးရုံး
-
ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၆.၂၀၂၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ အမှတ်(၁) ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းတိုက်ခတ်မှု ကြောင့်လည်းကောင်း၊ ခဲတောက်ကျေးရွာအုပ်စု၊ ကျုံဝိုက်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့်လည်းကောင်း၊ ဂျိုင်းကျေးရွာ၌ မိုးကြိုးပစ်ချမှုကြောင့်လည်းကောင်း၊ လူနေအိမ် (၁၅)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည့် လူနေအိမ် (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၇၅၀,၀၀ဝိ/-)၊ ဘေးသင့်လူဦးရေ (၇၈)ဦး တို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃၉၀,၀၀ဝိ/-)၊ ထောက်ပံ့ငွေ စုစုပေါင်း (၁,၁၄၀,၀၀ဝိ/-)အား (၈-၆-၂၀၂၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha-sgw … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှကြီးမှူး၍ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးမင်းသိန်းက ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက်ကျောင်းသားကျောင်းသူများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများကိုဆောင်ရွက်ခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ငလျင်ဘေးအန္တရာယ်ကျရောက်နေချိန်နှင့် ကျရောက်ပြီးချိန်တွင် … Read more









