လေဖိအားနည်းရပ်ဝန်းအခြေအနေ - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့၊ သပြေ​ချောင်းကျေးရွာ၊ (အ.လ.က) သပြေချောင်း အခြေခံပညာ အလယ်တန်းကျောင်းတွင် အသိပညာပေးဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းတွင် တောင်ဆင်ရိုင်းဘေး ထောက်ပံ့မှုသတင်း - လေဖိအားနည်းရပ်ဝန်းအခြေအနေ - လေဖိအားနည်းရပ်ဝန်းအခြေအနေ - ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာတွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)၊ အမှတ် (၂၀) ရပ်ကွက်၊ ဆရာစံလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း - မုန်တိုင်းငယ်(Depression)သတင်း - မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၄) - မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၄)

ဘေးထောက်ပံ့မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP)

Latest News

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- “ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေ) တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်ပြီး၊ နောက် (၂၄)နာရီအတွင်း အားကောင်းသောလေဖိအားနည်း … Read more

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့၊ သပြေ​ချောင်းကျေးရွာ၊ (အ.လ.က) သပြေချောင်း အခြေခံပညာ အလယ်တန်းကျောင်းတွင် အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၅-၉-၂၀၂၄)ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့၊ သပြေ​ချောင်းကျေးရွာ၊ (အ.လ.က) သပြေချောင်း အခြေခံပညာအလယ်တန်းကျောင်းတွင် ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း (၃၀၀) ဦးခန့်အား သဘာဝဘေးနှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာမျှဝေခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာတို့အားဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #npw_sep_2024 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းတွင် တောင်ဆင်ရိုင်းဘေး ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၂၉-၈-၂၀၂၄) ရက်နေ့(၁၉:၀၀) နာရီအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ လူသန့်အင်းလမ်းတွင် တောဆင်ရိုင်း ၀င်ရောက်ဖျက်စီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၅၀,၀၀ဝိ/-)၊ အိမ်ထောင်စု (၇) စုရှိလူဦးရေ (၂၅) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၀၂,၅၀ဝိ/-) တို့အား (၅-၉-၂၀၂၄) ရက်နေ့ (၁၂:၅၁) အချိန်တွင် ပြည်သူများ၏ လက်၀ယ်အရောက် … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- “ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေ) တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင် ပြီး၊ နောက် (၂၄)နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-ဩရိဿတောင်ပိုင်းကမ်းခြေ) တို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခု ဖြစ်ပေါ်နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၄၈)နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။”

  • ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာတွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၈-၂၀၂၄) ရက်နေ့ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ဆင်ကျွန်းကျေးရွာမှ ကမ်းပြိုဘေးသင့်ကြိုတင်ဖျက်သိမ်းနေအိမ် (၆) လုံးအတွက် ပြောင်းရွှေ့စရိတ်ထောက်ပံ့ငွေ (၆၀၀,၀၀ဝိ)၊ လူ (၂၅) ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀ဝိ)၊ စုစုပေါင်းထောက်ပံ့ငွေ (၆၅၂,၅၀ဝိ/-) အား (၃-၉-၂၀၂၄) ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep_2024 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)