မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ ပုထိုးစမ်းကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

2

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ ပုထိုးစမ်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကို (၁၀-၁-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၏ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝ ဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးလျော့ပါးရေး ဆောင် ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်းဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့ သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များ ထည့်သွင်းထားသော Dan Mobile  Application အသုံးပြု ပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသူ/ကျေးရွာသားများ၏  Mobile Phone များ၌ Dan Application အား ထည့်သွင်းပေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား အင်အား (၁၀၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မကွေးတိုင်းဒေသကြီးဦးစီမှူးရုံး (ကဆရ)

Sign Up

Upcoming Events