ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ညောင်မောင်းကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ညောင်မောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ် (၁၉) လုံးပျက်စီးမှုအတွက် ဘုန်းကြီးကျောင်း (၁) ကျောင်းလျှင် (၆ဝဝဝဝိ/-) နှုန်း လူနေအိမ် (၁) လုံး လျှင် (၅ဝဝဝဝ/-) နှုန်း (၁၉) လုံးအတွက် (၉၅ဝဝဝဝ/-) ကျပ်၊ စုစုပေါင်း (၁၀၁ဝဝဝဝ/-) ကျပ်အား (၁၁-၁-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events