ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

2

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇) နေ့တွင်ဖြစ်ပွားသော ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၅) စုသို့ ပုသိမ်ကြီးမြို့နယ်ထွေအုပ်၊ ရေထွက်ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ  နေ့ချင်းကွင်းဆင်းစီစစ်ခြင်း မီးဘေးသင့်လူဦးရေနှင့် လိုအပ်ချက်များကို စစ်တမ်းကောင်ယူခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စုစာ၊ family kit၊ hygiene kit ၊ငါးသေတ္တာဗူး၊ ဆန်၊ ရေနှင့်အရေးပေါ်စားစရာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ သေဆုံးသူ (မ) ၂၉နှစ်အတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက် ပစ္စည်းဖိုးများ ဆက်လက်ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။

Source:  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events