သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application နှင့် KOBO Mobile Application တို့ကို မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုပုံအား ရှင်းလင်းဆွေးနွေးမှုသတင်း

DAN Mobile Application နှင့် KOBO Mobile Application အား အသုံးပြုပုံ/ အသုံးပြုနည်း ရှင်းလင်းပြောကြားမှုသတင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် မကွေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနခန်းမ၌ ပြန်/ဆက်ဝန်ထမ်းများ၊ CSO၊ NGO၊ အဖွဲ့အစည်းများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေ ဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ် လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေး လက်ကမ်းစာစောင်များ ထည့်သွင်းထားသော Dan Mobile  Application နှင့် KOBO Mobile Application အသုံးပြုပုံများအား ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၏  မိုဘိုင်းဖုန်းများ၌ Dan Application နှင့် KOBO Mobile Application အားထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events