ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုနှင့် DAN Mobile Application အား ရှင်းလင်းပြောကြားမှုသတင်း

 

12_pic01 12_pic02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၂-၁-၂၀၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN Mobile Application အား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသူ/သားများ၏ လက်ကိုင်ဖုန်းများ၌ DAN Mobile Application အား ထည့်သွင်းပေးခဲ့ပြီး ကျေးရွာအုပ်စုတွင်ပါဝင်သည့် ကျေးရွာများရှိ လူစည်ကားသည့် နေရာများ၌  DAN Mobile Application Sticker များ ထားရှိနိုင်ရေးအတွက် DAN Mobile Application Sticker များအား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများထံသို့ ဖြန့်ဝေပေးခဲ့ပါသည်၊၊ ဟောပြောပွဲသို့ ကျေးရွာသူ/သား (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events