ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား ဌာနဆိုင်ရာရုံးများနှင့် မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း

18_Pic_02 18_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင် (ကယ်ဆယ်ရေး) ရုံးမှ တာဝန်ရှိသူများသည်  (၁၇-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း Mobile ဖုန်းဆိုင်များ၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) နှင့် ယဉသို့ လှည့်လည်သွားရောက်ပြီး DAN Mobile application Software နှင့် အသုံးပြုပုံများ ဖြန့်ဝေပေးခဲ့ပါသည်။ ယင်းနောက် မြို့နယ်ထွေ/အုပ်ရုံးခန်းမ၌ ကျင်းပပြုလုပ်သော အစည်းအဝေးသို့တက်ရောက်လာကြသူ ရွှေတောင် မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ပြည်ခရိုင်ဦးစီးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက် (၃) ခု ကျေးရွာအုပ်စု (၄၈) ခုမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၁၂၀) ဦးခန့် တို့အား သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေး DAN Mobile Application Software နှင့် အသုံးပြုပုံများကို ဖြန့်ဝေပေးပြီး ၎င်းတို့မှတစ်ဆင့် ရပ်ရွာလူထုအရောက် ဖြန့်ဝေအသုံးပြုနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events