ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား ဌာနဆိုင်ရာရုံးများနှင့် မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း

18_Pic_05 18_Pic_06 18_Pic_07

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး ရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်သို့သွားရောက်၍ mobile ဖုန်းဆိုင်များ၊ စျေးများ၊ ပန်းတောင်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ပန်းတောင်းမြို့နယ်တွင်းရှိ ရပ်ကွက် (၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၀) အုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့ဝန်ဆောင်မှုရုံး (oss)  သို့သွားရောက်၍ ကျေးရွာနေပြည်သူများသို့ လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရေး DAN Mobile Application အား သွားရောက်ထည့်သွင်းပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ အလားတူ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အုပ်ချုပ်ရေးမှူးရုံး၊ ဥသျှစ်ပင်အထက်တန်းကျောင်း၊ ဖုန်းဆိုင်များ၊ စျေးများတွင်လည်း DAN Mobile Application များထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events