ပဲခူးတိုင်း (အနောက်ပိုင်း) သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား ဌာနဆိုင်ရာရုံးများနှင့် မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း

18_Pic_02 18_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၁၆-၁-၂၀၁၇) ရက်နေ့တွင် ပဲခူးတိုင်း (အနောက်ပိုင်း) သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့သို့ သွား ရောက်၍ မိုဘိုင်းဖုန်းဆိုင်များ၊ စျေးများ၊ ကြို့ပင်ကောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ ရပ်ကွက် (၁၀)၊ ကျေးရွာအုပ်စု (၄၉) စုမှ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) များသို့ သွားရောက်၍ ရပ်ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ OSS ရုံးများမှ တစ်ဆင့် ကျေးရွာနေပြည်သူများသို့ လက်ဆင့်ကမ်းဖြန့်ဝေပေးနိုင်ရေး DAN Mobile Application အား သွားရောက်ထည့်သွင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events