ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို (၁၄-၁-၂၀၁၇) ရက်နေ့တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၁၀၀) ကျော် တက်ရောက်ခဲ့ပါသည်။ ထိုအစည်းအဝေးပွဲသို့ တက်ရောက်လာသူများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ချင်းပြည်နယ်  ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေး (၈) မျိုး စာအုပ်ရေ (၁၀၀) အား ဖြန့်ေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events