မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးငြိမ်းသတ်ရေး လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်မှုသတင်း

24_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး၊ လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာနနှင့် အထွထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စျေးသူ/ စျေးသားများနှင့် ပူးပေါင်း၍ (၂၃-၂-၂၀၁၇) ရက်နေ့၊ နံနက် (ဝ၇းဝ၀) အချိန်တွင် လပွတ္တာမြို့၊ အောင်ဇေယျစျေးကြီး၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးငြိမ်းသတ်ရေးလက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် နံနက် (၀၈းဝ၀) အချိန်တွင် လပွတ္တာမြို့၊ ရတနာဒီပအားကစားကွင်း၌ မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ရေးယာဉ်များနှင့်အတူ မီးငြိမ်သတ်ရေးလုပ်ငန်းစဉ်များကို လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက် ခဲ့ပြီး လပွတ္တာခရိုင်ဦးစီး မှူးရုံး (ကဆရ) မှ လည်း သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source:  လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events