DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

24_Pic_02

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်ခရိုင်၊ တာချီ လိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော ပွဲမြို့နယ်အဆင့်ကို (၂၄-၂-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃းဝ၀) နာရီတွင် ပြုလုပ်ခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖအုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး ဘေးရှစ်မျိုးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ power point hangout ဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့်ပက်သက်ပြီး ပြည်သူသို့ပန်ကြားချက်ဖြန့်ဝေခြင်း၊ DAN စတစ်ကာကပ်ပေးခြင်း၊ application ဖြန့်ဝေခြင်း၊ သဘာဝဘေးအသိပညာပေး စာအုပ်များ Display ပြသခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။

Source:  တာချီလိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events