(၆-၃-၂၀၁၇ ) ရက်နေ့၊ နံနက် (၁ဝ) နာရီအချိန်တွင် လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လပွတ္တာမြို့၊ ဓမ္မိကာရုံကျောင်း၌ လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူ (၆၁) ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ကဆရ)