နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့လာသော အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဇောတိရှမ်းကျောင်း ဇရပ်တွင် (၁၇- ၃- ၂၀၁၇) နေ့မှ (၂၄- ၃- ၂၀၁၇)နေ့အထိ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန်တုံမြို့နယ်၊ နန့်ဟိုင်းကျေးရွာအုပ်စု၊ မှော်နေကျေးရွာမှ နယ်မြေလုံခြုံရေးအခြေအနေအရ ပြောင်းရွှေ့ရောက်ရှိလာသော အိမ်ထောင်စု (၁၉) စုမှ လူကြီး(၄၂)ဦး၊ ကလေး(၁၈)ဦး၊ စုစုပေါင်း (၆၀)ဦးအတွက် ထောက်ပံ့ပစ္စည်း (၉) မျိုး၊ (၁၉)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၅၄,၀၀၀)ကျပ်တို့အား (၂၄- ၃- ၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events