သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၃-၂၀၁၇) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လေဘေး၊ ရေဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ DAN Mobile Application အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားခြင်းနှင့် လေဘေးကြိုတင်ပြင်ဆင်ရေးအတွက် ပြည်သူသို့ ပန်ကြားချက် စာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ တက်ရောက်သူဦးရေ (၁၀၀) ဦးခန့်ရှိကြောင်း သတင်းရရှိပါသည်။

Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events