ကျောက်ဖြူခရိုင်၊ ကျောက်တစ်လုံး IDP စခန်းရှိ လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၇) ရက်နေ့၊ (၀၅း၀၀) အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တစ်လုံး IDP စခန်းရှိ အိမ်ခြေ (၁၆) လုံး အိမ်ထောင်စု (၁၆) စု လူဦးရေစုစုပေါင်း (၄၉) ဦး အတွက် ကယ်ဆယ်ရေးပစ္စည်း ပလတ်စတစ်ပုံးပါ (၁၀) မျိုးကို (၁၆) အိမ်ထောင်စုစာနှင့် လူဦးရေ (၄၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၂၉၀၀/-) ကျပ်အား (၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events