မိုးကြိုးပစ်မှုကြောင့် မီးလောင်ကျွမ်းသွားသည့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၅-၂၀၁၇) ရက်နေ့၌ ဟင်္သာတ မြို့နယ်အတွင်း ရှားခဲကျေးရွာအုပ်စုရှိ ရှားခဲကျေးရွာတွင် မိုးကြိုးပစ်မှုကြောင့် မာဃလမ်းနေ ဦးသန်းထိုက်နှင့် တောင်ကလုံကျေးရွာအုပ်စု လက်ပံကုန်းကျေး ရွာနေ မောင်လှိုင်မင်း၊ မောင်လှိုင်မျိုးဦး မောင်သန်းနိုင် အတွင်းဒဏ်ရာရရှိသူ (၄) ဦးအား ( ၅၀၀၀၀/- ) နှုန်းဖြင့် ထောက်ပံ့ငွေ (၂၀၀၀၀၀/-) ကျပ်အား ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကိုကိုဦး၊ ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၆-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events