သဘာဝဘေးလျော့ပါးရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ကျောက်မဲမြို့ထွေအုပ်ရုံးခန်းမ၌ (၂၅-၅-၂၀ ၁၇) ရက်နေ့နံနက် (၀၉:၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေးအလုပ်ရုံဆွေးနွေးပွဲစတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီး ဒေါက်တာညီညီအောင်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်မှူး (ကယ်ဆယ်ရေး) မှ ရှင်းလင်း ဟောပြော ဆွေးနွေးခြင်း နှင့်အဖွဲ့လိုက်ဆွေနွေးတင်ပြချက်များအပေါ်ပြန် လည်သုံးသပ်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြပြီး ညနေ (၁၆းဝ၀) အချိန်တွင်အောင်မြင်စွာပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events