အသိပညာပေးဟောပြောပွဲနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးပြည်သူ များသို့ပန်ကြားချက်ဗွီနိုင်းစိုက်ထူမှုသတင်း

 

27_Pic_02 27_Pic_03လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းလျား(အနောက်)အုပ်စု၊ ကုန်းစုကျေးရွာ၌ သဘာဝဘေး အန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အား ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူ (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ၎င်းနောက် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခဲ့ပါသည်။ ၎င်းနောက် လေပြင်းဘေးကြိုတင်ပြင်ဆင်ရန်ပြည်သူများသို့ပန်ကြားချက် ဗွီနိုင်းအား အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ထူခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events