လေပြင်းဘေးထောက်ပံ့မှုသတင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် (၂၅-၅-၂၀၁၇) နေ့ညနေပိုင်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်စုစုပေါင်း (၉) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ ၄င်း အပြင် (၂၆-၅-၂၀၁၇) ရက် နေ့ညပိုင်းတွင် ကလေးဝမြို့နယ်၊ မထုကျေးရွာတွင် နေအိမ် (၂) လုံး၊ မန်ဖာကြီးကျေးရွာတွင်နေအိမ် (၁) လုံးစုစုပေါင်း (၃) လုံးအဆိုပါ (၂) ရက်အတွင်းအမိုးလန်ပျက်စီးခဲ့ သောနေ အိမ်စုစုပေါင်း (၁၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ထောက်ပံ့ငွေ စုစုပေါင်းကျပ် (၅၅၀၀၀၀) အား ကလေးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၅-၂၀၁၇) နေ့ နေ့လည်ပိုင်းတွင် ကလေးဝမြို့နယ်ထွေအုပ်ရုံးသို့သွားရောက်ခဲ့ပြီး လွှဲပြောင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events