သဘာဝဘေးအန္တရာယ်ရင်ဆိုင်ရန် အဆင်သင့်ဖြစ်စေရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကွင်းဆင်းလုပ်ငန်း ဆောင်ရွက်မူသတင်း

ရက်စွဲ ၁၈.၆. ၂၀၁၇ ပခုက္ကူမြို့
– ပြည်သူတို့၏ လိုအပ်ချက်ကိုထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးသို့ရောက်ရှိနေသော လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရေစကြိုမြို့နယ်နှင့် ပခုက္ကူမြို့နယ်များသို့သွားရောက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊နိုင်ငံရေးပါတီများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများနှင့်တွေ့ဆုံပါသည်။
– ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့အကျိုးကိုထိရောက်စွာဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူနှင့် အနီးစပ်ဆုံးရှိနေရန်ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ခြင်း၊ ပြည်သူကဝန်ကြီးဌာနနှင့်တိုက်ရိုက်ဆက်သွယ်ခွင့်ရှိခြင်း၊ပြည်သူ့ အသံကိုနားထောင်ခြင်းများဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး လုပ်ငန်းများကိုသက်ဆိုင်ရာ ပြည်သူ့ကိုယ်စားလှယ်များဖြစ်သော လွှတ်တော် ကိုယ်စားလှယ်များနှင့် ပူးပေါင်းပြီးမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျဆောင် ရွက်လျှှက် ရှိပါကြောင်း၊ မိမိတို့နိုင်ငံသည် သဘာဝဘေးပုံမှန်ကျရောက်သည့် နိုင်ငံဖြစ်ပြီး ပညာရှင်များ၏ လေ့လာဆန်းစစ်ချက်များအရ ကမ္ဘာနိုင်ငံ (၁၇၁)နိုင်ငံတွင် အဆင့်(၄၂)တွင်ရှိပြီး ရင်ဆိုင်တုံ့ပြန်ရန် အဆင်သင့်ဖြစ်မှုတွင် အဆင့်(၁၅၇)တွင်ရှိပါကြောင်း၊ ထို့ကြောင့် အဆင်သင့်ဖြစ်မှု လိုအပ်သည်မှာ ထင်ရှားပါကြောင်း၊ ၄င်းအခြေအနေသည် နိုင်ငံတစ်နိုင်ငံ၏ လမ်းတံတား အဆောက်အဦများကြံ့ခိုင်မှု၊ ကုန်းလမ်း၊ လေလမ်း၊ ရေလမ်းပို့ဆောင်မှု လုံခြုံမှုမရှိခြင်းနှင့် ဆက်သွယ်ရေးစနစ်လိုအပ်မှု၊ လျှပ်စစ်စွမ်းအင်မလုံလောက်မှု စသည့်အချက်များပေါ်တွင်မူတည်သည်ကို လေ့လာတွေ့ရှိပါကြောင်း ပခုက္ကူခရိုင်သည် သဘာဝဘေးကြုံတွေ့ခံစားရသည့် ဒေသတစ်ခုဖြစ်ပြီး လတ်တလောတွင်လည်း ရေကြီးခြင်း၊ မြစ်ကမ်းပါးပြိုခြင်းတို့ကို ကြုံတွေ့နေရသဖြင့် ကြံံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ မြစ်ကမ်းပါးပြိုသည့်ကိစ္စရပ်များသည် ငွေကြေးကျခံသုံးစွဲပြီး စနစ်တကျအချိန်ယူကာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ စီမံကိန်းဖြင့် ဆောင်ရွက်နိုင်ရေး လေ့လာဆန်းစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လတ်တလောအနေဖြင့် ဒေသခံပြည်သူများ၏ လိုအပ်ချက် လိုလားချက်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
– ဆက်လက်၍ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဌက ကော်မတီ၏ လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲတက်ရောက်လာသူများက ရင်ဆိုင်ကြုံတွေ့နေရသောအခက်အခဲများ၊ အတားအဆီးများ၊ လိုအပ်ချက်များနှင့် ဆောင်ရွက်လိုသည်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေါင်းစပ် ဆောင်ရွက်ပေးပါသည်။
– ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရေစကြိုမြိို့အမှတ်(၄) ရပ်ကွက်သို့သွားရောက်ပြီး ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုအား ကြည့်ရှု့ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် သဲအိတ်များဖြင့် ထိန်းသိမ်းကာကွယ်နိုင်ရေး ဝန်ကြီးဌာနက ထောက်ပံ့ငွေ ကျပ်(၆၀)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပခုက္ကူမြို့နယ် ကျွန်းညိုကြီးကျေးရွာသို့သွားရောက်ကာ ဧရာဝတိီမြစ်ရေတိုက်စားမှုကို ကာကွယ်ရန်အတွက် (၂၀၁၆-၂၀၁၇)ဘဏ္ဍာရေးနှစ်ပြည်ထောင်စုသီးသန့်ရန်ပုံငွေမှ ကျပ်သိန်း(၃၅၀၀)ကျခံကာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ထားသည့် ရေလမ်းထိန်းရေကာ (၁၂)ခုဆောင်ရွက်ထားရှိမှုနှင့် လက်ရှိတွင်ရေတိုက်စားသဖြင့် အဆိုပါနေရာအနီးတဝိုက်တွင် ကမ်းပါးပြိုမှုများ ထပ်မံဖြစ်ပွားနေမှုနှင့် လက်ရှိတွင် Geotextile ကင်းဘတ်စများဖြင့် သပ်ရိုက်ကာ ကမ်းပါးအားရေတိုက်စားမှုမှ ကာကွယ်ရန်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှု့ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှု ရှိနေပြီး ၄င်းတို့၏ဆန္ဒမှာ အမြန်ပြန်လည်ပြုပြင်ပေးနိုင်ရေးကို လိုလားကြောင်း မေးမြန်းသိရှိရပါသည်။
– ကမ်းပါးပြိုမှုကြောင့် ဘေးသင့်နေအိမ်(၂)လုံးအတွက် ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက််ပ့ံပြီး ဖြစ်ပါကြောင်းနှင့် ပြောင်းရွှေ့ရန်ကျန်ရှိသည့် နေအိမ်(၇)လုံးအတွက်ကိုလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ပါသည်။
– မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပခုက္ကူမြို့အမှတ်(၁)ရပ်ကွက်ရှိ အသက်(၉၀)နှစ်နှင့် အထက် ဘိုးဘွား(၄)ဦးအတွက် နိုင်ငံတော်ရန်ပုံငွေဖြင့်ထောက်ပံ့သော ဧပြီ၊ မေ၊ ဇွန် (၃)လစာ လူမှုရေးပင်စင်ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။Source:MSWRR

Sign Up

Upcoming Events