ဖားကန့်မြို့နယ်တွင်းရေဝင်ရောက်မှုအားသက်ဆိုင်ရာဒေသအာဏာပိုင်များ၊လူမှုရေးအသင်းအဖွဲ့များ၊စေတနာရှင် ပြည်သူများနှင့်ပူးပေါင်း ဆောင်ရွက်မှုသတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် ဥရုချောင်းဖျားတွင်(၁၇-၆-၂၀၁၇)နေ့က မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ဖားကန့်မြို့၊ အနိမ််‌့ပိုင်းနေရာများဖြစ်သော မြို့မရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မရှီကထောင် ရပ်ကွက်၊ အေးမြသာယာရပ်ကွက်နှင့် လုံးခင်းကျေးရွာတို့၌ (၁၈-၆-၂၀၁၇)နေ့တွင် ရေ(၃)ပေမှ(၆)ပေခန့်အထိဝင်ရောက်ခဲ့ရာအဆိုပါရေဝင်ရောက်သည့်အိမ်ထောင်စုများမှာ ပြောင်းရွှေ့ ရခြင်းမရှိသော်လည်း ရေဝင်ရောက်သည့်ဧရိယာအတွင်းရှိ အိမ်ထောင်စုများအားသောက်သုံးရေနှင့် ထမင်းထုပ်ဝေငှရေးစီမံဆောင်ရွက်ခြင်း၊ ရေကျော်သည်‌့လမ်းများ လမ်းပိတ်ဆို့မှုမရှိစေရေး စီမံ ဆောင်ရွက်ခြင်း၊ ပြည်သူများအား မိုးရွာသွန်းမှုအခြေအနေနှင့် ဥရုချောင်း ရေမြင့် တက်မှုအခြေအနေ အား တစ်နာရီ(၁)ကြိမ် လှည့်လည်အသိပေးကြေညာရန် ဆောင်ရွက်ခြင်း၊ သယ်ယူရွှေ့ပြောင်းရေး အဖွဲ့များ၊ ကယ်ဆယ်ရေးအဖွဲ့များစုဖွဲ့ထားရှိခြင်း၊ ရေကျချိန်တွင် ကျန်းမာရေးနှင့် ပတ်သက်သော ကိစ္စများ အတွက် စီမံဆောင်ရွက်ခြင်းတို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင် ပြည်နယ်ဦးစီးမှူးရုံးမှ သက်ဆိုင်ရာဒေသအာဏာပိုင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင် ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events