လေဘေးသင့်အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၇-၂၀၁၇)ရက် လေဆင်နှာမောင်းမုန်တိုင်း တိုက်ခတ်မူကြောင့် ပေါက်တောမြို့နယ်၊ သပြေကန်ကျေးရွာတွင် လုံးဝပျက်စီး အိမ်ခြေ(၃)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၇) မျိုး (၃) အိမ်ထောင်စုစာ၊အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)၊တစ်စိတ် တစ်ပိုင်းပျက်စီး (၇) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ (၇)အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး တစ်စိတ် တစ်ပိုင်းပျက်စီး (သွပ်မိုး/ပျဉ်ကာ)အိမ်ခြေ(၂)လုံးအတွက် (၁၀၀၀၀၀/-)၊ တစ်စိတ်တစ်ပိုင်းပျက်စီး (ဓနိမိုး၊ ၀ါးကာ) အိမ်ခြေ (၅)လုံးအတွက် (၁၀၀၀၀၀/-)၊ ဘေးသင့်ပြည်သူ(၄၉)ဦး အတွက် ဆန်းရိက္ခာ(၇)ရက်စာဖိုး (၁၀၂၉၀၀/-)တို့အားပေါက်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ (၂၁-၇-၂၀၁၇)ရက်တွင်် လွှဲပြောင်း ထောက်ပံ့ခဲ့ ကြောင်း သတင်းရရှိပါသည်။Source:ရခိုင်ပြည်နယ်ဦးစီးမှူးရုံးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events