ကမ်းပြိုဘေးထောက်ပ့ံမှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)ဦးသန်းစိုး (ညွှန်ကြားရေးမှူး)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ ပန်းတနော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြ်ို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာ၊ အထက်ကဇင်းတောကျေးရွာနှင့် ကသဝင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာတို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာ၍ ကမ်းပြိုမှုကြောင့် ဖျက်သိမ်းပြောင်းရွှေခဲ့သည့် နေအိမ် (၁၁၉)လုံး၊ အိမ်ထောင်စု (၁၁၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁၁၉) အိမ်ထောင်စာ၊ နေအိမ်(၈၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၉၀၀၀၀၀/-)၊ လူဦးရေ(၃၉၃)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ(၈၂၅၃၀၀/-) ၊စုစုပေါင်း (၉၇၂၅၃၀၀/-) အား (၂၂.၇.၂၀၁၇)ရက်နေ့တွင် ကမ်းပြိုဘေးသင့်ပြည်သူများလက်ဝယ်အရောက် ကွင်းဆင်းထောက်ပ့ံပေးခဲ့ပါသည်။နေအိမ်(၃၀)လုံး၊ အိမ်ထောင်စု(၃၀)စုမှ လူဦးရေ (၁၅၂)ဦးအတွက် ဆန်(၇)ရက်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးအား ဆက်လက်ထောက်ပ့ံသွားမည်ဖြစ်ပါကြောင်းသတင်းရရှိပါသည်။Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events