ဧရာဝတီမြစ်ရေမြင့်တက်၍ပြောင်းရွှေ့အိမ်ထောင်စုများထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သရက်မြို့နယ်တွင်ထောက်ပ့ံပေးရန်ကျန်ရှိသော ဧရာဝတီမြစ်ရေမြင့်တက်၍ဘေးလွတ်ကင်းရာသို့ (၁၈.၇.၂၀၁၇)နေ့မှ (၂၁.၇.၂၀၁၇)ရက်နေ့ထိ ရှွေ့ပြောင်းခဲ့သော အိမ်ထောင်စု (၂၁၆) စု၊ လူဦးရေ (၈၆၄) ဦးတို့အတွက် ဆန် (၇) ရက်စာဖိုး(၁၈၁၄၄၀၀/)နှင့် ရေသန့်ဆေးဖာ (၅၁) ဖာတို့ကို (၂၂.၇.၂၀၁၇) ရက်နေ့က သွားရောက်ထောက်ပ့ံခဲ့ကြောင်းသတင်းရရှိပါသည်။Source : သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events