(၂၁-၈-၂၀၁၇) ရက်နေ့တွင် ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ) သည် UN Volunteers အဖွဲ့နှင့်ပူးပေါင်း၍ ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ဆုံးရုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်းဖွင့်ပွဲအား ဘိုကလေးမြို့၊ မဟာအောင်တော်မူဘုရားဝင်းအတွင်းရှိ ချိုကြည်တန်ဆောင်း၌ ကျင်းပခဲ့ရာ အင်အား (၁၅၀) ကျော် တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဘိုကလေးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းနွဲ့က အဖွင့်အမှာစကားပြောကြားခြင်း၊ ဘိုကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလှိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ သင်တန်းအား (၂၁-၈-၂၀၁၇) မှ (၂၅-၈-၂၀၁၇) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ဘေးဖြစ်နိုင်ခြေများသည့် ကမ်းရိုးတန်းဒေသများမှ သင်တန်းသား/သူ (၆၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)