ပုသိမ်မြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်လှစ်မှုသတင်း

25_pic01 25_pic02 25_pic03

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ (၂၅-၉-၂၀၁၇) ရက်နေ့၊ (၀၉းဝဝ) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုတို့မှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား ပုသိမ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ (၃၀) ဦးဖြင့် (၂၅-၉-၂၀၁၇) ရက်နေ့မှ (၂၇-၉-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events