သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၉-၂၀၁၇) ရက်နေ့တွင် မြဝတီမြို့၊အမှတ်(၅)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် သဘာဝဘေး အန္တရာယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ပြီး အခမ်းအနားတွင် မြဝတီခရိုင်ဦးစီးမှူး ရုံးတာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အကြောင်းအရာ များအား အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ် (၅) ရပ်ကွက် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source:  မြဝတီခရိုင်ဦးစီးမှူးရုံး (ကဆရ)

 

Sign Up

Upcoming Events