ဘေးအန္တရာယ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၅-၉-၂၀၁၇) ရက်နေ့တွင် UN_Habitat အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘားအံမြို့၊ သီရိဘားအံ ဟိုတယ်၌ ဘေးအန္တရာယ ်စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်၊ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် ဦးစီးမှူးမှ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းပုံ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများအား ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် (၃၉) ဦး၊ ဘားအံ မြဝတီ ကော့ကရိတ်နှင့် ဖာပွန် ခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ (၄) ဦး၊ CSO အဖွဲ့မှ (၅) ဦး၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ (၈) ဦးနှင့် UN_Habitat အဖွဲ့မှ (၄) ဦး စုစုပေါင်း (၆၀) ဦးတက် ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events