သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(မွမ်းမံ)သင်တန်းဖွင့်လှစ်မှုသတင်း

21 Pic 01

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၁-၁၁-၂၀၁၇) နေ့၊ (၀၉:၀၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီ၊ စလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်     (မွမ်းမံ)သင်တန်း(၂/၂၀၁၇)ကို ဖွင်လှစ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြား ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသူ/သင်တန်းသား (၅၀) ဦးနှင့် ဌာနဆိုင်ရာများမှ (၃၀) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၄-၁၁-၂၀၁၇) ရက်ထိ (၄) ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Source:       မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events