သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၂၂-၁၁-၂၀၁၇) ရက်နေ့ (၀၈:၃၀)နာရီမှ (၁၀:၃၀)နာရီအချိန်ထိ ကျောက်မဲခရိုင်၊ ‌ကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သဘာဝဘေးအသိ ပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး မီးဘေး၊ လေဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးများ မဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ ရှောင်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၆) မျိုးပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သူအင်အား (၁၀၅) ဦးခန့်ရှိကြောင်း သတင်းရရှိပါ သည်။

Source:      ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events