ပျက်စီးသွားသော ချောင်းကူး တံတားတည်ဆောက်ရန် ထောက်ပံ့ငွေပေးအပ်မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ပဲခူး တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့နှင့်အဖွဲ့သည် ပဲခူးတိုင်း ဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုကျေးရွာအဝင် စစ်တောင်းမြစ်လက်တက်ချောင်းအား ဖြတ်သန်းတည်ဆောက်ထားသောတံတားသည် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၈) ရက် နေ့၌ စစ်တောင်းမြစ် ဒီလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရာ အဆိုပါ တံတား (၂) စင်း အတွက် (၁၉-၂-၂၀၁၈) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအစည်း အဝေးခန်းမ၌ ငွေကျပ် (၂၀၃.၉၁၈) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့် သနပ်ပင်မြို့နယ် အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events