လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ

၂၀-၂-၂၀၁၈၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံအမတ်ကြီး H.E Ms. Vanessa Chan က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံးမေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်အစိုးရသစ်အနေဖြင့် ပြည်သူများ အခြေခံလူ့အခွင့်အရေး ပြည့်ဝစွာ ရရှိခံစားနိုင်ရေးကြိုးပမ်းဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက် ရေးဗဟိုကော်မတီ တည်ထောင် ထားပြီးလုပ်ငန်းကော်မတီများဖွဲ့စည်း၍ ၂၀၁၆ ခုနှစ်၊ မေလမှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ် စွာသွားလာခွင့်များကိုဥပဒေနှင့်အညီခံစားရရှိစေရန် အကောင်အထည်ဖေါ်နေမှုများ၊၂၀၁၂ ခုနှစ်ကတည်းက ရှိခဲ့သောIDPစခန်းများပိတ်သိမ်းရေးကြိုးပမ်းနေမှုများ၊UEHRD ၏ ရည်ရွယ်ချက်များဖြစ်သည့် လူသားချင်း စာနာမှုအကူအညီများထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လုပ်ငန်းအဖွဲ့ (၉) ဖွဲ့ ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်ဖန်တီးပေးရေး ကြိုးပမ်းနေမှုများ၊ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသူများအတွက် နှစ်နိုင်ငံသဘောတူညီချက်အရ စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ စင်္ကာပူ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events