ဥတ္တရသီရိမြို့နယ် မိုးဆွေအုပ်စု ပန်းတင်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

21_Pic01

=================================================
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
=================================================

(၂၀-၂-၂၀၁၈) ရက်နေ့၊ (၁၀း၁၅) နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ် မိုးဆွေအုပ်စု ပန်းတင်ကျေးရွာ၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဘေးသင့်ခဲ့သည့် အိမ်ခြေအိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၁)သိန်းကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၈၄၀၀) ကျပ်တို့အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) မှ တာဝန်ရှိသူများသည် ယင်းနေ့ (၁၄းဝဝ) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events