ပြည်သူနှင့် တိုက်ရိုက်ထိတွေ့နေသော တာဝန်ခံဝန်ထမ်းများ၏ စွမ်းဆောင်ရည် အရေးကြီးကြောင်း လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပြောကြား

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်
အစိုးရသစ်၏ (၂) နှစ်တာကာလအတွင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒသစ်ချမှတ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများအနေဖြင့် လုပ်ငန်းများ တစ်ခုနှင့်တစ်ခုဆက်စပ်နေသဖြင့် အတူပူးပေါင်းဆောင်ရွက်မှသာ ရည်ရွယ်ချက်ပြည့် မြောက်အောင်မြင်မှာဖြစ်ပြီး မိမိတို့ဌာန မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်သည့်နည်းတူ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals –SDGs) ကိုပါ ပူးတွဲ ဖော်ဆောင်ကြရမှာဖြစ်ကြောင်း၊ ပြည်သူအကျိုးရှိအောင်ဆောင်ရွက်ရာမှာ ပြည်သူများကိုယ်တိုင် သဘောပေါက်နားလည်သည်အထိ အသိပေးရန်လိုအပ်ပြီး ပြည်သူများ ပါဝင်ပူးပေါင်းဆောင်ရွက်နိုင် ရန် လိုအပ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ခံဝန်ထမ်းများသည် အရေးကြီးပါကြောင်း၊ ဝန်ထမ်းပိုင်း စွမ်းဆောင်ရည်မြင့်မားနေမှသာ ပြည်သူလိုအပ်ချက်ကို မဆိုင်းမတွဖြည့်ဆည်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့လုပ်ငန်းနှင့် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများ ကို မသွေဖည်ဖို့လိုကြောင်းဖြင့် ၂၀.၂.၂၀၁၈ ရက်နေ့တွင်ကျင်းပသော လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သက်ဆိုင်ရာဌာနတာဝန်ခံအရာထမ်းများနှင့် တိုင်းဒေသကြီး / ပြည်နယ်ဦးစီးမှူးများသို့ မှာကြားပါသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းတို့မှ ဦးဆောင်၍ လုပ်ငန်းဆိုင်ရာအားသာချက်၊ အားနည်းချက်များ၊ ပြည်သူလူထုကိုတိုက်ရိုက် အကျိုးပြု လုပ်ငန်းစီမံကိန်းဆိုင်ရာများ၊ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်ဆိုင်ရာများ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events