မီးဘေးထောက်ပံ့မှုသတင်း

21 Pic 02

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရှမ်းရွာကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာ၌ (၂၀-၂-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်း ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁) စုမှ လူဦးရေ (၃) ဦးအတွက် Unicef family Kit (၂၆) မျိုးပါ (၁)ပုံး(၈၂၀၀၀)၊ ပလတ်စတစ်ပုံး (၁)ပုံး(၆၁၅၀)၊ ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၆,၃၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀)ကျပ် စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀၀) ကျပ်နှင့် မီးလောင်ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀) ကျပ်တို့အား (၂၁-၂-၂၀၁၈)ရက်နေ့တွင် မီးဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events