ဧရာဝတီတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခတ်မှုအခြေအနေနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကူညီထောက်ပံ့မှုအခြေအနေ

21_Pic_01 21_Pic_03

21_Pic_04

–        ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့တွင်(၁၈-၄-၂၀၁၈)နေ့က လေပြင်း တိုက်ခတ်မှုများကြောင့် ဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိရာ မြန်အောင်မြို့နယ်၊ ကျေးရွာ (၇၈)ရွာမှ ပြိုကျနေအိမ်(၁၇၆)လုံး အမိုးလန်နေအိမ်(၁၁၁၈)လုံးနှင့် ဘာသာရေးအဆောက်အဦ (၁)လုံး၊ အိမ်ထောင်စု(၁၂၉၄)စု၊ လူဦးရေ(၄၉၈၇)ဦးတို့အတွက်  ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေ စုစုပေါင်း(၅၈,၂၄၁,၀၀၈) (ကျပ်ငါးရာရှစ်ဆယ့်နှစ်သိန်း လေးသောင်းတစ်ထောင့်ရှစ်တိတိ) အား လည်းကောင်း၊ ကြံခင်းမြို့နယ်၊ ကျေးရွာ(၂၃)ရွာမှ ပြိုကျနေအိမ်(၆)လုံး အမိုးလန်နေအိမ်(၁၁၄)လုံးနှင့် ဘာသာရေးအဆောက်အဦ(၂)လုံး၊ အိမ်ထောင်စု(၁၂၀)စု၊ လူဦးရေ(၄၁၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေစုစုပေါင်း (၄,၄၆၈,၈၅၈) (ကျပ်လေးဆယ့် လေးသိန်း ခြောက်သောင်း ရှစ်ထောင် ရှစ်ရာ ငါးဆယ့်ရှစ်တိတိ)အားလည်းကောင်း၊ အင်္ဂပူမြို့နယ်၊ ကျေးရွာ(၉၅)ရွာမှ ပြိုကျနေအိမ် (၁၉၃)လုံးနှင့် ဘာသာရေးအဆောက်အဦ(၁)လုံး၊ အမိုးလန်နေအိမ်(၁၁၉၄)လုံးနှင့် ဘာသာရေး အဆောက်အဦ (၈)လုံး၊ အိမ်ထောင်စု(၁၃၈၇)စု၊ လူဦးရေ(၅၀၇၃)ဦးနှင့် ဒဏ်ရာရရှိသူ(၂)ဦးတို့အတွက် ထောက်ပံ့ငွေ နှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ငွေသားနှင့် ပစ္စည်းတန်ဖိုးငွေစုစုပေါင်း (၂၇,၉၉၉,၂၉၆) (ကျပ်နှစ်ရာ ခုနစ်ဆယ့်ကိုးသိန်း ကိုးသောင်းကိုးထောင်နှစ်ရာကိုးဆယ့်ခြောက်တိတိ)အားလည်းကောင်း  ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ဟင်္သာတခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများက(၁၉-၄-၂၀၁၈)နေ့နှင့် (၂၀-၄-၂၀၁၈)နေ့များတွင် ဘေးသင့်ဒေသသို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့ကြောင်းနှင့် ထောက်ပံ့မှုများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါ သည်။

Sign Up

Upcoming Events