မင်းဘူးမြို့နယ်လေဘေးထောက်ပံ့မှုသတင်း

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးမြို့ နယ်၊ ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာ(၁)ရွာတို့တွင် ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀) ကျပ်၊ အမိုးလန်အိမ်ခြေ (၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀,၀၀၀)ကျပ်၊ လူဦးရေ(၂၈) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ(၅၈,၈၀၀)ကျပ်၊ စုစုပေါင်း(၃၀၈,၈၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး၊အိမ်ထောင်စု (၁)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ အိမ်ထောင်စု (၅)စုစာတို့အား (၂၀.၄.၂၀၁၈ ) ရက်နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events