လေဘေးအတွက် ကယ်ဆယ်ရေးရန်ပုံငွေထောက်ပံ့မှုသတင်း

23_Pic_0223-Pic_03
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ (၂၉.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်(ပံတပွတ်၊ ဝါးတော)အုပ်စု၊ကျေးရွာခွဲ(၄)ရွာ၌ ပြိုကျနေအိမ် (၅)လုံး၊ အိမ်ထောင်စု(၅)စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀၀၀ိ/-) အမိုလန်နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုအတွက်အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၅၀၀၀၀ိ/-) စုစုပေါင်းလူဦးရေ(၆၄)ဦးစာအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၁၃၄၄၀၀ိ/-)စုစုပေါင်ကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၄၀၀ိ/-)(ကျပ်တစ်ဆယ်သိန်းရှစ်သောင်းလေးထောင့်လေးရာတိတိ)နှင့် (ကျုံဝါး၊ ပေကုန်း၊ မင်းဘော) အုပ်စု၊ ကျေးရွာခွဲ(၃)ရွာ၌ လေလေဘေးကြောင့် ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀ိ/-) အမိုးလန်နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၇၀၀၀၀ိ/-) စုစုပေါင်း လူဦးရေ (၃၅)ဦးအတွက် ဆန်ရိက္ခာဖိုး (၇၃၅၀၀ိ/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၄၄၃၅၀၀ိ/-)(ကျပ်လေးသိန်းလေးသောင်းသုံးထောင့်ငါးရာတိတိ)အားလည်းကောင်း၊ မအူပင်မြို့နယ်၊ (တလုပ်လပ်အနောက်၊ အင်းမ၊ ရေလဲကြီး၊ ပိန်းချောင်း)အုပ်စု၊ ကျေးရွာခွဲ (၆)ရွာ၌ (၉/၁၀/၁၃/၁၄/ ၆.၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၃)လုံး၊ အိမ်ထောင်စု(၃)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၀၀၀၀၀ိ/-)၊ အမိုးလန်နေအိမ် (၇)လုံး၊ အိမ်ထောင်စု(၇)စုအတွက် အိမ်ဆောက်ပစ္စည်း ဖိုးရန်ပုံငွေ (၃၅၀၀၀၀ိ/-)စုစုပေါင်း လူဦးရေ(၃၉)ဦးစာအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ(၈၁၉၀၀ိ/-) စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ(၇၃၁၉၀၀ိ/-)(ကျပ်ခုနှစ်သိန်းသုံးသောင်းတစ်ထောင့်ကိုးရာ တိတိ)အားလည်းကောင်း (၂၂.၆.၂၀၁၈)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် မအူပင်မြို့နယ်၊ ထွေ/အုပ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ အသီးသီးထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_jun2018
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events