ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

23_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းကျေးရွာအုပ်စုနှင့် ခွေးတောက်ချောင်းကျေးရွာအုပ်စုတို့တွင်(၁၉.၆.၂၀၁၈)နေ့မှ (၂၁.၆.၂၀၁၈)နေ့ထိ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၇)လုံး၊ ရေမျောပါအိမ်ခြေ(၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၆)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၄၅)စု၊ လူဦးရေ (၁၅၂) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၄၃) အိမ်ထောင်စာကိုလည်းကောင်း၊ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၂) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၅) သိန်း၊ဆန်ရိက္ခာဖိုး (၃၁၉,၂၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၄,၈၁၉,၂၀၀/-) ကျပ်ကို လည်းကောင်း၊ အင်္ဂပူမြို့နယ်၊ သဘော့ကျေးရွာအုပ်စု သဘော့ကျေးရွာတွင် (၁၇.၆.၂၀၁၈)နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျအိမ်ခြေ (၄)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၈)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၄၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၈) အိမ်ထောင်စာကို လည်းကောင်း၊ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၄) အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀)သိန်း၊ ဆန်ရိက္ခာဖိုး (၁၀၂,၉၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁,၁၀၂,၉၀၀)ကျပ်ကိုလည်းကောင်း (၂၂-၆-၂၀၁၈)ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_jun2018
Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events