ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

23_Pic_04
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ အထွဋ်ကျေးရွာအုပ်စု၊ ဖားလက်ခိုကျေးရွာအုပ်စုနှင့်ညောင်ပင်စုကျေးရွာအုပ်စုတို့တွင် (၁၃.၆.၂၀၁၈)နေ့မှ (၁၄.၆.၂၀၁၈)နေ့ထိ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ/ အိမ်ထောင်စု(၃၉)စု၊ လူဦးရေ(၁၃၆)ဦး၊ မြို့နယ်သဘာဝဘေးကာကွယ်ရေးအစီအစဉ်ဖြင့် ကမ်းနားရပ်ကွက်ရှိတာအနီးမှ ရွှေ့ပြောင်းအိမ်ခြေ/အိမ်ထောင်စု(၂၃)စု၊ လူဦးရေ(၁၀၂)ဦး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၆၂)စု၊ လူဦးရေ (၂၃၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ (၆၂) အိမ်ထောင်စာကို လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၆၂) သိန်း၊ ဆန်ရိက္ခာဖိုး (၄၉၉,၈၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၆,၆၉၉,၈၀၀/-) ကျပ်ကိုလည်းကောင်း ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးကျေးရွာအုပ်စု၊ မရိုးခအုပ်စု၊ အိုးဘိုအုပ်စုတို့တွင် (၁၃.၆.၂၀၁၈)နေ့ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျ အိမ်ခြေ (၁)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ(၂)လုံး၊ စုစုပေါင်းအိမ်ခြေ/အိမ်ထောင်စု (၃)စု၊ လူဦးရေ (၁၃) ဦးတို့အတွက်-ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၂) အိမ်ထောင်စာကို လည်းကောင်း၊ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁) အိမ်ထောင်စာကို လည်းကောင်း၊အိမ်ဆောက်ပစ္စည်းဖိုး (၁၈၀,၀၀၀/-)ကျပ်၊ဆန်ရိက္ခာဖိုး (၂၇,၃၀၀/-) ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၂၀၇,၃၀၀/-) ကျပ်ကို လည်းကောင်း (၂၂-၆-၂၀၁၈)ရက်နေ့တွင် ဇလွန်မြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_rbe
#ayy_jun2018
Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events