ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့ နယ်၊ ကွေ့မအုပ်စု၊ ရေလယ်ကျွန်းကျေးရွာအုပ်စုနှင့် ပိန္နဲကွင်းကျေးရွာအုပ်စုတို့တွင် (၁၃-၆-၂၀၁၈) နေ့မှ (၂၀-၆-၂၀၁၈) နေ့ထိ ကမ်းပြိုမှုကြောင့် ကြိုတင်ရွှေ့ပြောင်း အိမ်ခြေ (၃၄) လုံး၊ ရေမျောပါအိမ်ခြေ (၁) လုံး၊ စုစုပေါင်း အိမ်ခြေ/အိမ်ထောင်စု (၃၅) စု၊ လူဦးရေ (၁၂၁) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၃၄) အိမ်ထောင်စာကိုလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး၊ (၁) အိမ်ထောင်စာကိုလည်းကောင်း၊
အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၅) သိန်း၊ ဆန်ရိက္ခာဖိုးငွေ (၂၅၄၁၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၇၅၄၁၀၀ိ/-) ကျပ်တို့အား (၂၂-၆ -၂၀၁၈) ရက်နေ့တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ayy_jun2018

Sign Up

Upcoming Events