မီးဘေးထောက်ပံ့မှုသတင်း

23 Pic 04

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မြရိပ်ညို (၂) လမ်းနှင့် ဇီဇဝါလမ်းထောင့်၌ (၂၁-၆-၂၀၁၈) ရက်နေ့၊ (၀၀း၄၀) နာရီအချိန်တွင် မီးလောင်ကျွမ်းမှုကြောင့် မီးဘေးသင့်ခဲ့သော ကျူးကျော်တဲ (၁၆) လုံး၊ အိမ်ထောင်စာ (၁၇) စုမှ လူဦးရေ (၈၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၇) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၁၇၄,၃၀၀ိ/-)ကျပ်တို့အား (၂၂-၆-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_fir
#ygn_jun2018

Sign Up

Upcoming Events