လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ၊ ဥက္ကံမြို့၊ မင်းရဲကျော်စွာရပ်ကွက်တွင် (၁၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သော အမိုးလန် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၆) လုံး၊ အိမ်ထောင်စု (၆) စုမှ လူဦးရေ (၂၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၆၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၄,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၄,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၆) အိမ်ထောင်စာတို့အား (၁၆-၈-၂၀၁၈) ရက်နေ့တွင် မြို့အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ygn_aug2018

Sign Up

Upcoming Events