သနပ်ပင်မြို့နယ်၊ အောက်သောင်ကျေးရွာအုပ်စု၊ ဆယ်ဧကကျေးရွာ လေဘေးသင့်ပြည်သူများနှင့် ကုက္ကိုလ်ကျေးရွာအုပ်စု၊ ကုက္ကိုလ်ကျေးရွာ၌ ထူးကဲဒီရေတက်မှုကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16 Pic 01

16 Pic 02

================================================
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သနပ်ပင်မြို့နယ်၊ အောက်သောင်ကျေးရွာအုပ်စု၊ ဆယ်ဧကကျေးရွာ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ခဲ့သည့် နေအိမ်(၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၉၀၀၀၀)ကျပ်နှင့် ကုက္ကိုလ်ကျေးရွာအုပ်စု၊ ကုက္ကိုလ်ကျေးရွာ၌ (၁၄/၁၅-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စစ်တောင်းမြစ် ထူးကဲဒီရေကြောင့် ပြိုလဲမျောပါခဲ့သည့် နေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၀၀၀၀၀)ကျပ်၊ လူဦးရေ (၂၆)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ(၅၄၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၇၄၄၆၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၆)အိမ်ထောင်စာတို့အား (၁၆-၈-၂၀၁၈) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events