စစ်တောင်းမြစ်ထူးကဲဒီရေမြင့်တက်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာအုပ်စုတွင် (၁၃-၈-၂၀၁၈)ရက်နေ့နှင့်(၁၄-၈-၂၀၁၈)ဖြစ်ပွား ခဲ့သော စစ်တောင်းမြစ်ထူးကဲ ဒီရေမြင့်တက်မှုကြောင့် ရေဘေးသင့်ခဲ့သော ပြိုလဲနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၂၂)လုံးအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၁)မျိုး (၂၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀,၅၀၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၁၀)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃၁၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၃၈၁၀၀၀/-)ကျပ်တို့အား (၁၆-၈-၂၀၁၈)ရက်နေ့တွင် စစ်တောင်းကျေးရွာ၊ ရွှေဘုန်းပွင့် ဘုန်းကြီးကျောင်းတွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#mon_aug2018
Source:    ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events