ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ရေပေါ်သောင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကျေးရွာ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၃၀) ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၃,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၇) အိမ်ထောင်စာတို့အား (၁၆-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ha_rbe
#ygn_aug2018

Sign Up

Upcoming Events