ကရင်ပြည်နယ်၊ ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအား အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပြုနိုင်ရန်အတွက် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်မှုသတင်း

16 Pic 01

================================================
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
================================================

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်လျက်ရှိနေပြီး ကရင်ပြည်နယ်၊ ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအား အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုပြုနိုင်ရန်အတွက် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် Bepanthen First Aid 30g (၁၂၅)ဘူး၊ Skineal 20g (၁၀၀၀)ဘူး၊ Power Gloves (M) (၅၀)အိတ်၊ Nice Plast Plaster (၁၂၅)ဘူး၊ Clarityn Tablet 10mg (၇၅)ဗူး၊ Clarityn Syrp (၁၂၅)ဗူး၊ Buplex-c (၆၁၀)ဘူး၊ Cold Tablet (၂၅)ဘူး၊ Paractamol Tab (၁၀၀၀)ဘူး၊ စုစုပေါင်း အမျိုးအစား (၉)မျိုးတို့ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ (၁၆-၈-၂၀၁၈) ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events