ရေလှိုင်းပုတ်ခတ်မှုကြောင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

16_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားသည့် မြိတ်ခရိုင်မြိတ်၊ မြို့နယ်သစ်ယာဝကျေးရွာအုပ်စု၊ သဗျာကျေးရွာ၌ ရေလှိုင်း ပုတ်ခတ်မှုကြောင့် ဘေးသင့်အိမ်ခြေ (၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၉၀၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၃)စုမှ လူဦး ရေ(၃၄)ဦး အတွက် ဆန်ဘိုး (၇)ရက်စာ ထောက်ပံ့ငွေကျပ် (၇၁၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး အိမ်ထောင်စု(၉)စုစာ၊ စုစုပေါင်း (၉၇၁၄၀၀/-)ကျပ်တို့အား (၁၆-၈-၂၀၁၈)ရက်နေ့ နေ့လည် (၁၂း၃၀) နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#tny_aug2018
Source:    မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events